Our Services

ACC ကျောင်းရှင်းလင်းချက် နှင့် လက်ရှိပို့ဆောင်ပြီးသောကျောင်းသားဦးရေ

ဂျပန်နိုင်ငံရှိ A.C.C International Culture Collegeသည် ဂျပန်နိုင်ငံ Shizuoka , Fujinomiya မြို့တွင်ဖွင့်လှစ်ထားသော A.C.C International Culture Collegeသည်၁၉၉၀ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှ စတင်တည်ထောင်ထားပြီးလူငယ်လူရွယ်တို့၏ အနာဂတ်အိမ်မက်များအကောင်ထည်ဖော်စေရန်အတွက်အခြေခံအုတ်မြစ်ချပေးသော ဂျပန်နိုင်ငံရှိဘာသာစကားကျောင်းဖြစ်ပါသည်။ACCကျောင်း၏ အားသာချက်မှာယဉ်ကျေးမှု၊ဓလေ့၊ထုံးတမ်းများအားသင်ကြားပေးခြင်း ၊ရှေ့ဆက်တက်ရောက်မည့်မိမိ၏အနာဂတ်အိမ်မက်ကိုအကောင်အထည်ဖော်ရန်ပေါင်းကူးတံတားကျောင်းအဖြစ် တည်ရှိနေပါသည်။

MAGOKORO JAPANESE LANGUAGE CENTER မှ A.C.C International Culture College သို့ပညာတော်သင်တက်ရောက်ပို့ဆောင်ပြီးသောကျောင်းသား/သူဦးရေမှာ စုစုပေါင်း (၂၁၃)ဦးရှိပြီးဖြစ်ပါသည်။ ထို့အပြင် TOKYO မြို့ရှိ TOKYO BEI NIHONGO GAKUIN တွင်လည်းဂျပန်ပညာတော်သင်များအားစေလွှတ်ပေးလျှက်ရှိပါသည် ။MAGOKORO JAPANESE LANGUAGE CENTER အားရွေးချယ်သင့်သော အားသာချက်မှာ ACC သို့ တိုက်ရိုက်ပို့ဆောင်ပေးသော ကျောင်းဖြစ်ခြင်း၊အခြေခံမှ စ၍ အရေးအဖတ်အပြောအကြားစွမ်းရည်များအားပိုင်နိုင်စွာသင်ကြားပေးနိုင်ခြင်းများဖြစ်သည်။

ဂျပန်နိုင်ငံရှိ Groupကုမ္ပဏီ များအကြောင်းရှင်းလင်းချက်

JOBU အကြောင်း

ဂျပန်နိုင်ငံရှိကုမ္ပဏီဖြစ်သော JOBU မှ Tokutei Ginou Visa ဖြင့်ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်း၊Hotel လုပ်ငန်း၊ ရေထွက်ပစ္စည်း လုပ်ငန်း၊မော်တော်ကားပြုပြင်ရေးလုပ်ငန်းများ နှင့် Engineering အပိုင်း(Work Visa ) ဖြင့် အလုပ်သမားများအားမိတ်ဆက်ဆောင်ရွက်ပေးနေသောကုမ္ပဏီဖြစ်ပါသည်။

MAGOKORO COOPERATIVE အကြောင်း

MAGOKORO COOPERATIVE မှ လည်း နည်းပညာသင်တန်းသားများ (Training Visa) ဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊မော်တော်ကားပြုပြင်ရေးလုပ်ငန်းများဖြင့် မြန်မာနိုင်ငံမှ နည်းပညာသင်သင်တန်းသားများအားဂျပန်နိုင်ငံတွင်လုပ်ကိုင်နိုင်စေရန် အလုပ်ကိုင်များအားမိတ်ဆက်ပေးလျှက်ရှိပါသည်။